ကောင်းကင်ပြင် ကြယ်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ
အမှောင်ထဲရှိတဲ့အခါ ပေါ်လာမည့်
အလင်းရောင်ကို ငံ့လင့်ပါ
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလဲ ပြီးသွားမှာပါဆိုတာကို သတိရပါ
ငြိမ်းချမ်းမှုအားလုံး ပျက်ပြုန်းကာ
ဝမ်းနည်းဖွယ် ဖြစ်စဉ်စေဟာ
သင့်ဘဝကို အဟုန်ပြင်းစွာ
ကြမ်းတမ်းတဲ့ မြစ်ရေပမာ
ဖျက်ဆီးကာ လွှမ်းသွားတဲ့အခါ
သင်အနှစ်သက်ဆုံး အရာများစွာ
တိုက်စားကာ ယူဆောင်သွားတဲ့အခါ
သင့်နှလုံးသားကို သင်ပြန်ပြောလိုက်ပါ
ဒါလဲ ပြီးသွားမှာပါ။
မဆုံးနိုင်တဲ့ အခက်အခဲတွေဟာ
ကြည်နူးစရာ မင်းတေးအလှကို ရပ်တန့်စေကာ
တောင်းဆုလေးတစ်ခု ပြုဖို့ပင်လျှင်
မရဲဝံ့အောင် နွမ်းလျှနေချိန်မှာ
ရုန်ကန်နေဆဲ နေ့ပေါးများစွာ
ပင်ပန်းသမျှ ပြေလျှော့ဖို့ရာ
ဒီအမှန်တရား သစ္စာနဲ့ ပျယ်လွင့်စေပါ
သင့်နှလုံးသားကို သင်ပြန်ပြောလိုက်ပါ
ဒါလဲ ပြီးသွားမှာပါ
ကံတရားက မင်းဖက်မှာ
ပျော်ရွှင်မှုနဲ့ အပြုံးများစွာ
အရာရာအားလုံးပဲ ချောမွေ့စွာ
အချိန်ကုန်မှန်းမသိ ကုန်ဆုံးတဲ့အခါ
ပျော်ရွှင်ဖွယ် ဒီအခိုက်အတန့်မှာ
အမှန်တရား ဒီသစ္စာ
ပြန်လည်ကာ သတိရစေပါ
ဒါလဲ ပြီးသွားမှာပါ
ကြိုးစားခြင်းက ရလဒ်တွေဝေ
ကျော်ကြားခြင်းနဲ့ ချီးမွမ်းမှုတွေ
ကမ္ဘာမြေရဲ့ အကောင်းဆုံးတွေ
မင်းဆီကို ဝင်လာချိန်မှာလေ
ပြုံးရွှင်စွာ ခံစားရင်းလေ
အမှန်တရားသစ္စာ
အမြဲတမ်း အမှတ်တရ ရှိပါစေ
ဘဝဆိုတာ ရှည်လျှားတတ်ပေ
အောင်မြင်ခြင်းဟာ ခဏတာပဲလေ
ဒါလဲ ပြီးသွားမှာပါလေ။ ။
0 comments:
Post a Comment