အိုင်ဖုန်း 3G, 3GS တွေမှာ iPad baseband တင်ပြီး jailbreak လုပ်ထားသူများရှိကြမယ်လို့ထင်ပါတယ်။ သုံးရတာ အဆင်ပြေပေမဲ့ စက်က နဲနဲလေးပြီး ကြာပါတယ်( အထူးသဖြင့် GPS သုံးတဲ့အခါ )။ အခု အဲဒီဒုက္ခကနေ လွတ်သွားအောင် Dev Teams ကနေ downgrade လုပ်လို့ရတဲ့ redsn0ws0.9.14b1 ကို ထုတ်လုပ်လိုက်ပါပြီ။ ကဲအခု လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို အောက်မှာကြည့်လိုက်ရအောင်...
အဆင့် ၁ ။ redsn0w 0.9.14b1 ကိုဒီမှာ ဒေါင်းလိုက်ပါ။
အဆင့် ၂ ။ ပြီးရင် ရလာတဲ့ redsn0w zip file ကိုဖြည်လိုက်ပါ။
အဆင့် ၃ ။ မိမိဖုန်းရဲ့ လက်ရှိတင်ထားတဲ့ firmware ကိုဒီမှာဒေါင်းလိုက်ပါ။
အဆင့် ၄ ။ redsn0w0.9.14b1 ကိုဖွင့်ပြီး Extras button ကိုနှိပ်ပါ။
အဆင့် ၅ ။ Select IPSW ကိုနှိပ်ပြီး အဆင့်၃မှာ ဒေါင်းထားတဲ့ firmware ကိုထည့်ပေးပါ။
အဆင့် ၆ ။ ဒီအဆင့်မှာတော့ redsn0w ကသင့်ကိုမေးပါလိမ့်မယ်။ သေချာဂရုစိုက်ပြီး ဖြေပေးလိုက်ပါ။ 3G တွေမှာတော့ မမေးပါဘူး။
အဆင့် ၇ ။ အရင် စာမျက်နှာကိုပြန်သွားပြီ Jailbreak ကိုနှိပ်ပါ။
အဆင့် ၈ ။ Downgrade from iPad baseband နဲ့ Install Cydia ကို check လုပ်ပေးပါ။ နဂို Jailbreak လုပ်ပြီးသားသူတွေကတော့ Install Cydia ကို check စရာမလိုပါဘူး။
အဆင့် ၉ ။ ဒီအဆင့်ရောက်ရင်တော့ ဖုန်းကို ပါဝါပိတ်ပြီး ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ ပြီးရင် DFU mode ထဲဝင်အောင် redsn0w က ညွှန်ကြားတဲ့အတိုင်းလိုက်လုပ်လိုက်ပါ။
အဆင့် ၁၀ ။ DFU mode ထဲဝင်သွားရင်တော့ ကျန်တာ redsn0w ကဆက်လုပ်သွားပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်လိုက်ပါ။
အဆင့် ၁၁ ။ အိုင်ဖုန်းက reboot ဖြစ်ပြီး unlock လုပ်နိုင်တဲ့ baseband 05.13.04ကိုရောက်နေတာ တွေ့ရပါလိမ့်မယ်..........ဒါဆို မိတ်ဆွေ အဆင်ပြေပြီပေါ့ဗျာ.......။
Wednesday, June 20, 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment