Sunday, November 4, 2012

ဟာသများ 2

ကိုအောင်နက်

နယ်သို့ ခရီးထွက်ရာမှ တစ်ရက်စောပီး ယောက်ကျားဖြစ်သူမှာ အိမ်သို့ည ၁၀ နာရီခန့်တွင် ပြန်ရောက်လာ၏။

ရေမိုးချိုး အ၀တ်အစားလဲကာ မိန်းမဘေးနားဝင်အိပ်၏။

အိပ်ပျော်လု ဆဲဆဲတွင်
ကုတင်အောက်မှ သံသယ ဖြစ်ဖွယ် ချွတ်ချွတ်မြည်သံကြားသဖြင့် လက်ဖြင့် အောက်ကို စမ်းရင်း မေးလိုက်သည်။

" ဟဲ့ အောင်နက် ၊မင်းလားကွ ....ဟေ "

ကုတင်အောက်တွင် ရောက်နေသော ကိုအောင်နက် က ယောက်ကျား၏ လက်ကိုလျှာဖြင့် လျက်ပီး ပြန်ဖြေလိုက်ပုံက..

" ဟုတ်ကဲ့၊ကျနော်ပါ...."...တဲ့ ...

တိန်


လုပ်သားပြည်သူ

တစ်ရက်မှာ သားဖြစ်သူက သူ့မိခင်အားမေး၏။

သား။ ။မေမေ.....သားတို့ မိသားစု မှာ ဖေဖေက ဘာလဲဟင်။

မိခင်။ ။သားတို့ ဖေဖေဟာ သမ္မတ နဲ့ တူတယ်ကွဲ့

သား။ ။အဲဒါဆို မေမေ ကရော

မိခင်။ ။မေမေက အစိုးရ

သား။ ။ဒါဖြင့် ဘွားဘွားကရော

မိခင်။ ။ဘွားဘွား ကအတိုက်အခံပါတီ

သား။ ။ကျနော်က ရော

မိခင်။ ။အင်း...သား ဟာ လုပ်သားပြည်သူ လို့ဆိုပါတော့ကွယ်

မကြာမီ မိခင် ဖြစ်သူ မှာ အလုပ်ကိစ္စဖြင့် နယ်သို့ ခရီးထွက်သွား၏။

ရက်အနည်း ငယ်အကြာတွင် အိမ်တွင်ကျန်ရစ်သော သားဖြစ်သူ ထံမှ စာတစောင် ရောက်လာ၏။

ရေးထားသောစာမှာ..ထိုသို့ဖြစ်၏။

" သမ္မတဟာ အစိုးရသစ်.. နဲ့ ပလူးပလဲ လုပ်နေပါတယ်။

အတိုက်အခံပါတီ က သမ္မတ ကို အကာအကွယ်ပေးနေပါတယ်။

ဒါကိုကြည့်ပီး လုပ်သားပြည်သူမှာ စိုးရိမ်စိတ်ဝင်လာပါတယ်။မေမေ.."..........တဲ့

တိန်








သံသယ

ဇနီးဖြစ်သူ ကွယ်ရာမှာဖောက်ပြန်နေသည်ဟု ကိုစောဝင်း စိတ်ထဲ မှာ ထင်မိ၏။

နောက် အကဲခတ်နေကြည့်နေ သည်မှာကြာပီ။ဒီမိန်းမ ကျိန်းသေ မူပျက်နေသည်။

မိမိ ၏ သံသယ ကိုမှန်မမှန် စမ်းသပ်ရန်ဆုံးဖြတ်လိုက်၏။

တနေ့ နယ်သို့ခရီးထွက်မည်ဟု ဇနီး သည်အား ကြေငြာလိုက်သည်။

သို့သော် တကယ်မသွားပဲ မိန်းမ မသိအောင် အိမ်အောက်ထပ်ရှိ ဂိုထောင် ထဲတွင်ပုန်းနေ၏။

ညအချိန်သို့ရောက်လာလေပြီ။

အပေါ်ထပ် အိပ်ခန်းဘက်မှ နေ၍ အသံများကိုကြားနေရ၏။

သေချာအောင် နားစိုက်ပီးထောင်ကြည့်လိုက်သည်။

" ဘေးစောင်းလေး လှဲလိုက်။ဖြေးဖြေး။

ဟုတ်ပြီ။အဲ ...ခြေထောက်ကို နဲနဲထောင်လိုက်။

ဒီဘက်ကိုနည်းနည်းရွှေ့။ဟုတ်ပြီ။ကိုင်း .......စဆွဲမယ်။ဆွဲပြီ။ဆွဲပြီ။ "

ခဏ နားထောင်ပြီးနောက် ကိုစောဝင်း ဒေါသ ထွက်၏။လူတကိုယ်လုံးတဆတ်ဆတ်တုန်လာ၏။

သံသယနဲ့စောင့်မိတာ မှားလေစွဟုလည်း တွေဝေစွာ ငေးမောနေမိ၏။

နောက်ဆုံး ကိုစောဝင်း ဖောက်ပြန်သူတို့အား ရှင်းရန် ဖွက်ထားသော ဓါးကိုထုတ်၍ အိပ်ခန်းသို့ အပြေးအလွှား ၀င်ရောက်လေ၏။

ဇနီး ဖြစ်သူမှာ တရှူးရှူး နဲ့ အိပ်မောကျနေ၏။

စန္ဒယားကြီးကား မရှိတော့ချေ။

တိန်








လမ်းကျယ်လေလေကြာလေလေ

အိမ်ပြန်နောက်ကျသော အမူးသမား ယောက်ကျား က မိန်းမဖြစ်သူအား အိမ်ပြန်နောက်ကျရခြင်း အကြောင်းကိုရှင်းပြနေ၏။

" ငါ အရက်ဆိုင်က ထွက်လာတုန်းက ၉ နာရီတောင် မထိုးသေးဖူးကွ။ခု မနက် ၂ နာရီတောင်ရှိနေပီ.....အေ့...."

မိန်းမဖြစ်သူက ဒေါသသံဖြင့်

" ရှင်ကျမကို ဘာလို့လာလှိမ့်နေရတာလဲ။

ရှင်ခုသောက်တဲ့အရက်ဆိုင်က အိမ်နဲ့ဆိုရင်...လမ်းအတိုသုံး ခုပဲခြားတာလေ။အဲဒီ လမ်းတို သုံး ခုကိုကျော်လိုက်ရင် အိမ်ပြန်ရောက်နေပီပဲဥစ္စာ။

ဒါကို....ရှင်ကဘာပြောချင်သေးလို့လဲ။ဟွင်း....."

ထိုအခါယောက်ကျားဖြစ်သူပြန်ရှင်းပြပုံက.....

" ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့ မြန်မာပြည်က လမ်းတွေက အကျယ်ကြီးကွ။ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နဲ့။

ဒီကြားထဲ လမ်းမပေါ်မှာ ချောက်လို နက်တဲ့ ကျွှင်းကြီးတွေထဲကျကျ နေလို့ ပြန်ဖက်တက်ရသေးတယ်ဟေ့။

ဒီလိုနဲ့ ငါလဲ လမ်းတစ်လမ်း ကို ဖြတ်ဖို့ အချိန်တော်တော်ယူခဲ့ရတယ်ဟ။အင်း......တော်တော်ကျယ်တဲ့လမ်းတွေကွာ။

မြန်မာပြည်ကို လမ်းကျယ်ကြီးတွေလုပ်ပေးတဲ့ မြန်မာ့စည်ပင်တွေ၊လမ်းတံတားဆောက်သူတွေကိုတော့......ချီးကျူးရမယ်ဟေ့။...အေ့...ဝေါ့...." ......တဲ့

တိန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...