လောင်းချက်
ကက်စီနို လောင်းကစားဝိုင်း ခုံတစ်ခုမှာ ဒိုင်လုပ်သူနှစ်ယောက်ဟာ ထိုးသားမရှိလို့ပျင်ပျင်းရိရိဖြစ်နေကြ၏။
ထိုအချိန်တွင် တောင့်တောင့် ဖြောင့်ဖြောင့်နဲ့ ရုပ်ချောချော မိန်းမငယ်လေး တစ်ယောက်ရောက်လာပြီး ခုံပေါ်ကို ဒေါ်လာ နှစ်သောင်း ပစ်တင်လိ
ုက်သည်။
မိန်းမချောလေးမှ.....“ အကုန်လောင်းတယ်၊ အန်စာ တစ်ချက်ပဲ ခေါက်မယ်။ ဒါပေမယ့်
တခုတော့ ရှိတယ်နော်၊
ကျွန်မက အင်္ကျီမပါပဲ အန်စာခေါက်ရင် ကံကောင်းတတ်လို့ ရှင်တို့ စိတ်မရှိဘူးဆိုရင်အင်္ကျီတွေ အားလုံးချွတ်ပစ် ချင်တယ် " လို့ ဆိုပီး
ပြောပြောဆိုဆိုနဲ့ အ၀တ်တွေ ချွတ်ချလိုက်ပါတော့တယ်။
ပြီးတော့ “ အ၀တ်အသစ်တွေ ၀တ်နိုင်ပါစေ.." လိုအော်ပြီး အန်စာကို ခေါက်ချလိုက်ပါတယ်။
“ ဟေး.... နိုင်ပြီဟေ့ နိုင်ပြီ ” လို့ အားရပါးရ အော်ဟစ် ခုန်လိုက်ပြီး ဒိုင်လုပ်သူနှစ်ယောက်ကို ကောင်မလေးက လှမ်းဖက်ပါတော့တယ်။
ပီးတော့ ချက်ချင်းပဲ သူ့အ၀တ်နဲ့ အနိုင်ရတဲ့ ပိုက်ဆံတွေ ယူပြီး အမြန်ထွက်သွားတော့တယ်။
အဲ့ဒီတော့မှ ဒိုင်တစ်ယောက်က ရုတ်တရက် အသက်ပြန်ဝင်လာသလို သူဘေးကအဖော်ကိုလှမ်းမေးလိုက်၏။
“ သူ့ အန်စာက ဘာကျသွားတာလဲ”
ကျန်တစ်ယောက်က....
“ ဟေ.... မသိဘူးလေ ငါက မင်းကြည့်လိုက်တယ်ထင်လို့ ” ........တဲ့။
တိန်

သတင်းသမား
လက်ထပ်ပီး ရက်အနဲငယ်အကြာတွင် မြမြ က သူ့အမေထံသို့ ဖုန်းဆက်လေ၏။
" မြန်မာပြည်မှာ သတင်း သမားနဲ့ ဘယ်တော့မှ လက်မထပ်သင့်ဖူး ။ သမီးမှားပီ အမေ။"
အမေဖြစ်သူက...
" ဘာဖြစ်ပြန်တာလဲသမီးရယ်။ညည်းယောက်ျား အောင်မိုး ဟာ အင်မတန်တော်တဲ့ သူငယ်ပဲ။ပီးတော့ အလုပ်တခုကိုပဲ စိတ်ဝင်စားတာမဟုတ်လား။
ရခိုင်အရေး။အကျဉ်းသားလွတ်မြောက်ရေး။မြစ်ဆုံ။OIC....။ခုရှေ့နေတွေ ဆန္ဒ ပြတာအဆုံး ။
သတင်းလိုက်တာ ဘယ်လောက်တောင်ပင်ပန်းပီး၊ဘယ်လောက်တော်လဲ၊
သက်စွန့်စံဖြား သတင်းလိုက်တာတောင်အေ။ ဒါကို ဘာကြောင့်များလဲ သမီးရယ် "
မြမြ က လည်းပြန်ပြော၏။
" ဒါကတော့ ဟုတ်ပါတယ် အမေ ..ဒါပေမဲ့ သမီး သူ့ဆီကို ရေးခဲ့တဲ့ ရည်းစားစာတွေကို
သူ့ သတင်းဂျာနယ်တွေနဲ့ စာဆောင်တွေမှာ သတင်းမရတဲ့နေ့တွေဆို ဖော်ပြတယ်ရှင့် "
" ဟဲ့ ဒါစိတ်ဆိုးစရာမှ မဟုတ်ပဲ၊ ဂုဏ်တောင် ယူရအုန်းမယ်ဟဲ့....."
ထိုအခါ သမီးဖြစ်သူပြန်ပြောလိုက်တာက...
" ရယ်စရာ ဟာသ ကဏ္ဍ မှာ သူက ဖော်ပြတာ အမေရဲ့ အီးဟီး...."......တဲ့
တိန်။။။။

မကျီစားနဲ့
၂၀၁၄ ခုနှစ်။ မေလ ၃ ရက်နေ့ တွင် မြန်မာနိုင်ငံကာကွယ်ရေးဦးစီးချုပ် ၊အမေရိကန် ကာကွယ်ရေးဦးစီးချုပ်၊နဲ့ တရုတ် သမ္မတနိုင်ငံမှ
ကာကွယ်ရေးဦးစီးချုပ်တို့သုံးဦးသား.....အမေရိကန်မှ မြန်မာပြည်သို့ ဆွေးနွေးရန်ရှိသဖြင့် အထူးလေယာဉ်နဲ့ အတူ စ

ီးလာကြ၏။
ထိုစဉ် ရုတ်တရက် စီးလာသောလေယာဉ်၏ မျက်နှာချင်းဆိုင်ဘက်မှF 15 အမေရိကန် တိုက်လေယာဉ် နှစ် စီး တဲ့တဲ့ ကြီး ပျံလာသည်ကို တွေ့ကြလေ၏။
တိုက်မိမှာ သေချာသလောက်ဖြစ်၏။
မြန်မာနှင့်တရုတ် ခေါင်းဆောင်၂ ဦး တို့ ထိုင်ခုံကို ကြောက်လန့်တကြား တင်းကျပ်စွာ ကိုင်လိုက်ကြသည်။
ဒါကိုမြင်သော အမေရိကန်မှ ၄င်း တို့ကို နှစ်သိမ့်၏။
" မကြောက်ကြပါနဲ့ဗျာ၊အမေရိကန်လေသူရဲတွေ ကျီစားကြတာပါ...ဟဲဟဲ... "
သူပြောသည့်အတိုင်းပင် မျက်နှာချင်းဆိုင် တိုက်လု ဆဲဆဲ အချိန် ၌ အမေရိကန် တိုက်လေယာဉ်များ ဘေးနှစ်ဘက်မှ ကပ်ပီး ရှောင်ထွက်သွားကြ၏။
သို့နှင့် ခရီးဆက်ကြ၏။
တစ်နေရာတွင် တရုတ် တိုက်လေယာဉ် နှစ်စီး တည့်တည့်ကြီးမောင်းလာပြန်၏။
မြန်မာနဲ့ အမေရိကန် ခေါင်းဆောင် နှစ်ဦးမှာ ကြောက်စိတ်ကြောင့် မျက်နှာများဖြူဖတ်ဖြူရော်ဖြစ်လာ၏။
ထိုစဉ် တရုတ် ဦးစီးချုပ်မှ ရီမောကာ.....
" မကြောက်ကြပါနဲ့ဗျာ၊ တရုတ်ပိုင်နက်ထဲမှာဖြတ်ပျံနေတာဆိုတော့ ၊ကျနော်တို့ ရဲ့ တရုတ်လေသူရဲတွေက
သူတို့ရဲ့ ကျွှမ်းကျင်မှူကို ပြသတဲ့အနေနဲ့ ကျီစားကြတာပါဗျာ...ငှဲငှဲ "
ဟုတ်၏။တကယ်လည်း အပေါ်မှ တစီး အောက်ဘက်မှတစီး ကပ်ရှောင်ပီး ပျံပြသွားလေ၏။
သို့နှင့် ခရီးထပ်ဆက်ရင်း မြန်မာ့လေပိုင်နက်အတွင်းသို့ရောက်လာ၏။
မိနစ် ၂၀ ခန့်ကြာသော် မြန်မာ့တပ်မတော် တံဆိပ်ဖြင့် စစ်လေယာဉ် နှစ် စင်း လေယာဉ်ဆီသို့တည့်မတ်စွာဝင်လာ၏။
နိုင်ငံခေါင်းဆောင် သုံးဦးစလုံး.....ထိုအဖြစ်အပျက်အားမြင်နေရ၏။ထုံစံအတိုင်း.....ကျီစားမည့်ပုံပင်ဖြစ်မည်။
ထိုစဉ် မြန်မာ ကာကွယ်ရေးဦးစီးချုပ် ....က ဘာစကားမှ မပြောပဲ ထိုင်နေရာမှ လျင်မြန်စွာထ လေသည်။
ထို့နောက် လေထီးဖြင့်ခုန်ချရန်ကုန်းကုန်းကွကွ ပြင်ဆင်နေ၏။
ထိုအခါ မြန်မာပြည်မှ ကျီစားပုံအား ချီးကျူးရန် အပြုံးမပျက်အေးဆေးစွာထိုင်နေသော ကျန်ခေါင်းဆောင် နှစ်ဦးက
နားမလည်ဟန်ဖြင့်....ထိုင်နေရာမှ လှမ်းမေး၏။
" မြန်မာခေါင်းဆောင်ကြီး....ခင်ဗျား ဘယ်သွားမလို့လဲဗျ.... "
" အင်း။ကျနော်တို့ မြန်မာ လေသူရဲတွေက မကျီစားတတ်ဖူး...ဗျ.." .....တဲ့

0 comments:
Post a Comment